အဲဒီနေ့က လမ်းမှာတွေ့တာ ကောက်ကြည့်တော့

မမြင်မိတဲ့ အခါ
အဲဒီနားမှာ ဘာရှိလည်း ....

အိုကွယ် ... ငိုချင်လိုက်တာများ ... ကိုယ့်ကိုကိုယ်တောင် ဘုရားတရားတမိ ...
ဘယ်မှာ ... ဘယ်မှာ ....
က ... ခ ... ဂ ... ဃ ... င ...
နောက်ပြီး
။... သုည ...။

သုံးစက္ကန့်ခြားဆီ တခါရွတ် ... ရွတ်လိုက်တိုင်း ... ဂလိုဏ်သံပေါက် ...
ဟော .. ဟော ... အခုလှမ်းမြင်ရတဲ့ တိုင်းပြည်ကြီး ချွေးရဲရဲ သံရဲရဲ နဲ့ ... ။


လာပြီ ... လာနေပြီ
လာနေကြပြီ ..... ။
နာရီက ( ...း ...း ... )
တိတိကျကျ
ရောက်ရှိနေရာ ဒေသ
( Latitude: ..... )
( Longitude: .....)
များမကြာမီ ..... ။

ဆိတ်ဆိတ်ငြိမ်သက် ... အိပ်မက်တွေ လွန့်လူးလာမှာကြောက်လို့
... ငါက ...
စိတ် အထွက် နဲ့ ကာမိ ...
ကောင်းကင်မှာ ဖုန်တက် ... အာရုံထွေးပြားခြင်းက .. စိုးထိတ်မိ ...
ထွက်မသွားပါနဲ့ ... ထွက်မသွားပါနဲ့ .....
... ဒီ အမိုးက ... ဒီ နံ နဲ့မှ အံကိုက်မို့လို့ပါ ...
ငါ လဲ ငါမဟုတ်တဲ့ ကိုယ်ပွားလေးကို နှမြောမိ ...
ငါ့ ကို ငါ ပြန်လည်ရှာဖွေမိတော့မှ ငါက ပွတ်ကြိတ်သံနဲ့တင် ဖျား နေတဲ့ ... ” လူ “ အတု ....။


ထောင်းထောင်းကျေ ခရာပြတ်နဲ့ လတ်တလော များ
ပေါ်ပေါ်ထင်ထင်ကူးချပြ
သူက .. ငါက (လူ အတု)
ပွင့် ရာ လင်း ရာ နေထိုင် ရာ
အမှတ်မထင် ( ) လမ်း ထောင့်မှ မျက်စိ တစ်မှိတ်
ငါ ..... .....

ခုနှစ်သံပါး အရိပ်အခြေတောင် နင်းပြီး ....
ခန္ဓာအောက်ကြော က အောက်စူးစူးရနံ့ကိုရ ....
ဘာဆိုဘာမှ မရှိလိုက်ဘူး ...
အားလုံး ( ) ...
သိပ်ပြီးသေချာတယ် ...
ရက်သတ္တပတ် ၈ ရက်အကြာမှာ ..
ရှိုက်သံကို နားစွင့်ခဲ့ရော .. ပြီးမှ ... မှားသွား ...
ဟုတ်တယ် ဟုတ်တယ် ...
ပါးဟပ်တွေ အနံ့ကို ခင်းကျင်းပြသထားတဲ့ ပွဲမှာ....
သူက လေမရှုပဲ ... ကွဲနေတဲ့ ... စကားလုံး ...


ရှိ (ရှိနေ) ဦးမှာလား
ပြောစရာများ
ထား(သွား)စရာ နည်းနည်းများများ
ဟော ဟိုးနား ..... ခလုတ်ထိ ပြီး တ . တ
နေကြတယ် ။

(နေနှင်းစက်) (ရုပ်သေး)

မမှီမကမ်း ကဗျာ

မမှီမကမ်း ကဗျာ

အခုချက်ခြင်း
ငါ ရူးပစ်လို့ရမလား .....

ဟိုနေ့တနေ့က ဖတ်မိလိုက်တယ်။

ကိုယ့်လက်တွေ ကိုယ်ပြန်သနား
နည်းနည်းလေးမှ အသွားမမြတဲ့ကောင်။

အဲဒီရှေ့နားရောက်ရင် ပစ်ချခဲ့ပါ။

ဒီလမ်းလိုက်ဖို့ မှန်တစ်ခေါက်ပြန်ကြည့်
ငါ့အဆင့်က ၉ ဆင့်လောက် ပုနေရဲ့။

နီးနီးနားနား ထားလိုက်ရတာဆိုတာ
ငါ မှ ငါ။

အခု .....
လှမ်းမမှီ ကမ်းမမှီ
ကိုယ့်လေနဲ့ကို တိမ်နဲ့ ခေါင်းနဲ့ စောင့်တဲ့ ကောင်ကငါ။

သုံးမရမှတော့ သွားပေရော့ပေါ့။

ပြန်ကြည့်ပါ။ မှန်ကြည့်ပါ။
ကြည့်ချင်မှလည်း ကြည့်ပါ။

သေသေချာချာ အပြစ်ရှာပြကြပါ။

တကယ်တော့ ငါက ကိုယ့်နေရာကိုယ်မသိပဲ ပလ္လင်ပေါ်တတ်ချင်တဲ့ ငနဲ။ ..... ။

(နေနှင်းစက်)
ဒီကဗျာလေးကတော့ ကျွန်တော့သူငယ်ချင်းတစ်ယောက်အတွက် ခံစားရေးဖွဲ့ထားတဲ့ ကဗျာလေးပါ ... သူက သူတစ်ဖက်သက်ကြိုက်ခဲ့ရတဲ့ ကောင်မလေးကို ``မိဝတီ´´ လို့ နာမည်တွေ ပေးပြီး ကဗျာရေးတတ်တယ်။ ကျွန်တော်လည်း သူ့နေရာက ခံစားပြီး သူ့အတွက် လက်ဆောင်ပေးဖို့ ဒီကဗျာလေးကို ရေးလိုက်ပါတယ်။ ခံစားပေးကြပါဦးနော်. ။ (ဗလာ)

နှစ်ပေါင်း တစ်ရာကြာပြီးနောက်

သေချာပါတယ်ဆိုမှာ
ဒီရင်ဘတ်မှာလား မေး
ခပ်ဝေးဝေးမှ ရှိရက်နိုင်လို့လား ..... ။

လက်တစ်ချက်အဝေ့မှာ အားလုံးပြီးသွားတယ်။

အဲဒါ ``ဘုံကြိုးပြတ်တဲ့ ဒေ၀ီနတ်´´

ဒီမှာ ``မိဝတီ´´
နင် မသိလိုက်တဲ့ စက္ကန့် ထူထူကြီးထဲမှာ ငါ့ သေရာသေကြောင်းရှိတယ်။

တောင်ပေါ်မှာ တသွင်သွင် လွင်တောက်
ငါ့ကမှ တလင်းကို ရောက်စေချင်ခဲ့တာလို့
မောင်းခတ် ကြေငြာထားဦးမတဲ့လား ..... ။

`ရှူး´
ရင်ဘတ်က ကြားရုံလေးတောင် မအော်နဲ့တော့
ဆူးလွန်ရှင်းတောက် လွန်းတယ် ... အဲဒီ အသံတွေက ... ဆူးလွန်ရှင်းတောက် လွန်းတယ်။

လက်တန်နှစ်ဖက် သေသွားပြီ .....
ပြောချင်လွန်းလို့ ပြောပြရမယ်ဆိုရင် ..... ..... .....
ငါက ဒေါင်ဒင်မြည်တဲ့ နာရီအိုပါ။

ငါ့မှာကောက်ရတဲ့ ပန်းတစ်ပွင့်တောင် မရှိခဲ့ရဘူး။

နောက်တော့လည်း ပြောဦးပေါ့ `` မိဝတီ´´
ငါက စာမျက်နှာ ၈၀ စာ ရယ်စရာဟာသ .....
အဲဒီမှာ အစေ့အငုံ တစ်ရာ၊တစ်ထောင်လောက်
မှောက်လျက်လဲတာ နင်မှမမြင်လိုက်ပဲကိုး ..... ..... ။

ရိတ်သိမ်းသွားလိုက်ပါပြီတဲ့
အဲဒါ
အားလုံးမေ့သွားတဲ့ သေပြီးသား သစ္စာပဲ။

သေချာတယ်
`ငါ ... နောက်ထပ် ... ဘယ်တော့မှ ... ထပ်မရွတ်ဘူး´။

နေစမ်းပါဦး ``မိဝတီ´´
နင် မသိသမျှ ငါ့အကြောင်း ဒါအကုန်ပဲ တဲ့လား။

ပြီးစေတော့။
ပြီးပါစေတော့ကွာ။

နောက်ထပ် ... ထပ်ပြောရကြေးဆိုရင်
` ၁၆၈ နာရီထက် နင်ပိုလင်းနိုင်ပါစေ´ မိဝတီ။


(နေနှင်းစက်)