တစ်ခါက အခါခါ

တစ်ခါက အခါခါ

တစ်လှမ်းခြင်း ဆန်ဆန်

ရုတ်တရက် ဆန်ဆန်

ရာဇသံမပေးဘဲ ဟိုးလေးတကျော်ကျော် …

မခေါ်ဘဲလာမိသူက ကိုယ့်ကိုကိုယ် ကြိုးကွင်းချ

လွတ်နေတဲ့ နံရိုးကြား သစ်သားပြားတောင် အစားထိုးမထားဘူး

။ထား။ဒါဆိုလည်း ထား။ ဟိုဟာဆိုလည်း ထား။

သီချင်းထဲက ထား။ မဟုတ်။ ဘူး။ ထား။ မရှိရှိတာချ

ထား။ မဟုတ်ရင်

ယူ ထား

ပြီး ရင် သွား။

ရှူဆေးဘူးနဲ့ ကိုယ့်အသက်ကို ကိုယ်ပြန်ဖို့ မလုံလောက်ပါ။

ဟိုးတစ်ခေါက်က တစ်ယောက်တည်း ကြိုးကျစ်စီမံရ။

သွေးပေါင်တွေ ထိုးထိုးကျ

ပြီးမှ ဘယ်သူမှ မမြင်ရလိုက်တဲ့ သာဓကတွေ ခင်း

ကျင်း ပြ သ။

တူ ထား။

ချည်တုပ်ဖို့၊ ဆွဲချဖို့။ ငါ့အနားမရှိတော့ ငါ့နားမရှိတော့ ငါ အနားမရှိတော့ ငါ နားမရှိတော့။

မရှိတော့။ မသိတော့။ မ …. တော့။ …. တော့။ တော့။ …..။

တစ်စုံ .. တစ်ရာ တစ်စုံတစ်ရာမှ မသေချာဘူး။

သွားရအောင် ကိုယ့်ကိုကိုယ်ပဲ အဖော်ညှိ ။

အမိရေ။

ထပ်ထပ်ထပ်ထပ်ထပ်ထပ် ပြီး အလိုက်သိသိသိ ပေးမိပြန်ပြီ။

(နေနှင်းစက်)

“ဖြစ်ရပ်မှန် မျဉ်းစောင်း အမှန်ဖြစ်ရပ်”

ရွာရိုးကိုးပေါက် လမ်းလျှောက်ဖို့

တားမရနိုင်ဘူး

ငါမရောက်ရာ၌ သူပျော်ရွင်စေ။

(နေနှင်းစက်)

မူပိုင်

မူပိုင်

အမှတ်တရ အထောက်အထားတွေ

ပြေးထွက်သွားရင်တောင်

မှတ်မှတ်ရရ ရင်ဘတ်က ဘယ်သူမှ ခိုးမရနိုင်ဘူး။

(နေနှင်းစက်)

“လုပ်ထုံးလုပ်နည်း”

“လုပ်ထုံးလုပ်နည်း”

သီးထပ်၊ သီးညှပ်စိုက်လည်း

ခဏက၊ ခဏပဲ

ကဲ … ဘာတွေဆက်လက်ရှင်သန် ….။

(နေနှင်းစက်)


အရုပ် ရပ်ဝန်း ရှေ့ကြောင်းရာဇ၀င်

ဒီညက ၅ မိနစ်စာ နောက်ပြီး ကျုပ်က ၅ မိနစ်စာ။ ဒီထက်ပိုပြီး စကားလုံး၊ မြစ်ရေ၊ ရာသီဥတု၊ သံယောဇဉ် ရှားပါး။ မြို့ပြကပြောသံတွေ နားကြားမှား။ ဒီလိုနဲ့ မနေ့က မိန်းမ ခါးခါး တစ်ချို့ ခါး။ လက်တစ်ဖက်နဲ့ ခိုးရွှေ့ကြည့်တဲ့ည။ သည်ဖက်ကမ်းမှာလည်း ဂြိုလ်ခုံအလွတ်တစ်ခုရဲ့ အမှား။ များ။ ငါ မမြင်တဲ့ ကြယ် (အခွင့်မရှိပါသဖြင့်) မထိုက်တန်ပါသဖြင့်… စသည်ဖြင့်၊ မမြင်ရသောကြယ်။ ထား ။ သင့်ရာအကြောင်းပြဖြင့် ၀င်ခွင့်လက်မှတ်ရှိသည်။ ရွာစရာ တစ်ခြမ်းတစ်ပိုင်း ဖြင့် လဲလှယ်ရန်အလို့ငှာ ကြော်ငြာထားပါ။ ကျွန်တော့မှာ မွေးရာပါမျက်နှာ မရှိဘူး။ သူ မနမ်းခဲ့တဲ့ပါး .. သူမ မလွမ်း .. သူ လွမ်းရုံသာ။ လက်နှစ်ဖက်၊ ခြေနှစ်ချောင်း ဘီးလူးခေါင်းမစောင်းချင်။

ရှေ့ရာဇ၀င် အနာဂါတ်လက်တစ်လှမ်း။ ကျွန်တော့မျက်ရည် အစစ်တွေ ရှိနေကြောင်း ဘာတွေနဲ့ ပြသနိုင်မလဲ။ သတ္တုဓါတ်နဲ့ စီးဖြန်းထားတဲ့ တံတား ငါတို့ ကြား၊အနား မှာ မရှိစေ၊ မရှိလေကောင်းလေ။ အပြုံးအတုရဲ့ နောက်ကွယ် ရှိုက်ချက် ကျွန်တော့ကိုတကယ် ဘယ်သူမှ မမြင်ကြရဘူး။ အမှန်လွန်သဘောတရားနဲ့ မျက်ကန်းဖြစ် မဖြစ် ကိုယ့်တိုင်ထွင်းခြစ်ရမယ်ဆိုပြန်တော့ …..။ ကြိုးထိုးထားတဲ့ဘ၀ကို ကျွန်တော်မှန်းတယ်။ ဘယ်သူ့ မျက်နှာနဲ့ ဖြစ်ရပြန်ပြီလဲ။ လူတစ်လုံး သူတစ်လုံး လူ မဟုတ်တဲ့ သူ စက္ကူဆုတ်တွေကို မှိုင်းတိုက်လိုက်ချင်ရဲ့။ ၀ါယာကြိုးထဲက ၅၀ တန်ချိုချဉ် ….. လှေကားလက်ရမ်းပေါ်က ၅၀ တန်ချိုချဉ် ကူသူမဲ့ ကယ်သူမဲ့။ အစစ် ဖြစ်ခြင်း မဖြစ်ခြင်း။ တူလွန်းပါတယ် မိတ်ဆွေ သင်နဲ့ ကျုပ် ကွဲလွဲပုံခြင်း။ ကျုပ်အလွဲက ငါ့အနားမနေဘူး။ နားကပ်တစ်ရံ၊ ပန်းသီပုပ်၊ ရှုပ်ရှုပ်ယှက်ယှက် လက်နက်ကြီး။ “မရမ်းသီး” စားဖူးလား “မိတ်ဆွေ”။ နှစ်နှစ်လိုလို မျက်လုံးနဲ့ ပြုံး။ ကာတွန်းနဲ့ ရေးတဲ့ကဗျာ အသားစအနက်ကြီးတွေ အတုတွေ၊ နံပါတ်ကြားမှာ ၀ှက်ထားတဲ့ဓါး …… ၂၆ ချက်ဆိုတာ သွေးမထွက်တဲ့ စိတ်ကြိုက်ဒဏ်ရာ။ အနာ။ တရ။ မေ့မေ့မောမော စက္ကူစတွေဖွာဟ၊ သူပျိုးတဲ့ပန်း ခရမ်းဖြစ်စေ၊ ပန်းခရမ်းဖြစ်စေ။ ၀တ်လစ်စလစ်ညဆို မျက်နှာ မရှိတဲ့ ငနဲရဲ့ ဘ၀ အေးခဲတမ်းတ။ အလိုက်တသိလည်း ဖြိုပေးပါရဲ့။ ဒါ … ။ ကြယ်။ ခရမ်းနုရောင်ဆိုတာ သွေးပျက်ခယ။ သံစဉ်ဆုံးပျောက်။ ဒီလိုနဲ့ ….. အံဆွဲထဲက ပထမဆိုတဲ့ ပထမ။ သူ ၅၊ ငါ မိနစ်၊ တစ်ညတစ်ခန်းစာ ၅ မိနစ်ထဲ …..။

(နေနှင်းစက်)

စကားမဲ့ နေ့နေ့ညည အစပြုပုံများ

ခရမ်းရောင် ပန်းပွင့်တွေလား

ငါ့ကိုငါ သိပ်မကြာခင်ပြာချ

မနေ့က မနေ့က မဟုတ်တဲ့ နေ့က

မိန်းမ

ရင်ထဲ “ဟာ” …

ခနဲ … ငါ

လေ သွေးတွေ တတောက်တောက်

ခရီးမရောက်တရောက် ဘယ်နှစ်ခေါက်ပြန်လှည့်

ဟူး ….

အသက်တွေ ပြင်းပြင်းရှူပြီး … ဟေ့

တစ်နေ့တစ်ခါ တွားတွားသွားတဲ့ မိန်းမ

ကဲ ဘာတွေ ပြန်စပြီးပြီးလဲလေ …. ။

(နေနှင်းစက်)

လှမ်းပြီးခေါ်ရုံနဲ့ ငါကိုယ်ငါ မေ့ချင်သလိုလို ဖြစ်ပြတဲ့ အခါ

ငါးပွက်ရာ ငါးစာချ

ငါ့ဘ၀က ကြယ်တွေလည်း ခပ်ဟဟ မပွင့်ဘူး။

ကဲ …

ပြော “မိကြယ်စင်”

ငါ့ရေသောက်မြစ်မှာ ဓါးထစ်ထားတာ ဘယ်သူများလည်း။

ဟိုးရှေးရှေးတုန်းက

ဒုက္ခဆိုတဲ့ ထော့ကျိုးငနဲ ခရီးတွေကို

အမြဲ အမြဲ သွားတယ်တဲ့လား။

သွားစမ်းပါ။

မေ့လို့မရတဲ့ည “သွား”

ငါ့ ဘ ၀ က တစ်ခါနှစ်ခါ သုံးလေးခါ

ပြာပြာပြာ ခါခါ ကျချတယ်တဲ့ ဗျာ။

နေပေရော့ “မိကြယ်စင်”

ခုနှစ်ထပ်ဖွင့်ထားတဲ့ ကြာပွင့်မှာ နင်မတင့်တယ်ဘူး။

နင့်အဆင့်နဲ့ နင် ကောင်းကင်မှာနေ

ငါစေရင်လည်း နင်မကြွေလာပါဘူး ….. ။

ရှိပါစေတော့ကွာ …

တောထွက်ရာ အရပ်မျက်နှာမှာ

အရှေ့သံအနောက်သံ

ကြာသပတေးနံ မပါတဲ့ ကြာသပတေးမ

ငါ ခဏက ဟာကနဲ ကွာကျသွားပုံများ

မတွေ့ရက် မမြင်ရက် နင်သိပ်ရက်စက်တယ်တဲ့ ။

ဒီစကား နှုတ်ထွက်များရင်

ငါ့ လျှာကိုဖြတ်။

အရပ်ရပ်မှာ ပူဇော်ပသ တွေးလို့ မရစေနဲ့။

ခူးပြီး ခပ်ပြီးသားမှာ ငါ့ထမင်းဟင်းတွေ

မကြာမကြာ ၀င်ဆို့ထွက်ဆို့

….. ….. ….. ….. ….. ….. ။

ပြီးပါပြီ ဆိုမှတော့ …..

ပြောနေလည်း မထူးဘူး

လိုသလိုရူးပစ်ပေးပြီးရင်

ဒါပဲကောင်းပါတယ်လေ …..။

ကျောလေးခိုင်းရုံနဲ့

လုံလုံ လောက်လောက် ဝေး ..... ….. ….. … ..။

တွေးတွေးပြီး သေနေပါရစေလား

မှားစရာတွေ ထား

မှားပြီးရင် ခါး … တဟားဟားရယ်

သွေးလွန် ဓါးနက်နက်မှာ

တစ်ရက်ခစား အသွားပျောက် စာချွန်နဲ့

သွားတုတွေချွတ် .. ဟုတ်ပါတယ်

အဆွယ်ဆိုတဲ့ နိယာမနဲ့ နင်က ဂုတ်ချိုးစားခဲ့တာ ။

ငါလေ အပြစ်တွေ လျှော်ထုတ်

အလုပ်ဟုတ်ဟုတ်မဟုတ်ဟုတ်

“မိကြယ်စင်” သာ … ဘ၀ရဲ့

ပန်းတစ်ပုဒ် ဖြစ်စေ ရှိစေ တည်စေ ချင်ရဲ့။

အသက်တစ်သက်ထွက်ပြီးခါစ

နောက်တစ်သက် မ၀င်ခါနီး

နေမြင်ရင် ရေစွတ် … ငါ့ ထွက်လုနီး

ခန်းခြောက်မှုနဲ့ ….. ….. ….. ….. …..။

တစ်မျှော်တစ်ခေါ်လည်း လွမ်းပါတယ်ကွယ်။

“မိကြယ်စင်” ရေ …. …..

နင့် နံနက်ခင်းမရောက်ခင် အသက်စွန့် ကြိုးပမ်း

ရာဇ၀င်တင်မဲ့ နေ့ဆိုတာလည်း

ရာဇ၀င်တင်မဲ့ နေ့ပဲဆိုပါတော့ … .. ……. ။

ဟူး ကနဲ သက်မချ ….. ပြီး … သက်ထီးချ။

ထီးချ … ဦးထုပ်ချ ..

ကဲဆို .. ခဏခဏ

ရထားစီးတဲ့ ည။

သွားဆိုလည်း သွားပါ့မယ် “မိကြယ်စင်” ရယ်

မရောက်ခင် ပေါက်တဲ့ ဖိနပ်

ငါ့ တစ်သက်နဲ့ ငါ့ တစ်ကိုယ်ပဲ

ဝဲ ….. ၀ဲ ….. လည် ….. လည်

တစ်ခါနဲ့ တစ်ခါ မပြောဖူး ဖြစ်ခဲ့တဲ့စကား

တစ်ဟားဟား ရယ်သွမ်းဖြစ်တဲ့ ည

ဟ တ တ နဲ့

တစ်ခါက အခါခါ

တစ်လွှာပြီး တစ်လွှာ ….

ဘ၀ ရယ် … ဟာ ဆိုပြီး မဟာပါနဲ့ ကွယ်

“မိကြယ်စင်” ….. …..

နင် ပြန်ရာလမ်းမှာ

အခန်း ဘယ်နှစ်ရွက်စာ လွင့်ကျော်ဖြတ်ရွေ့

အဲဒါ ….. …..

နေ့ဆိုလည်း နေ့ပေါ့ ။

မပြောဝံ့ ….. မနာသာ

နင် ဆိုတာ ငါ ခါးရာလမ်း …..။

ခရမ်းတော ပန်းမှာ နင်မပွင့်လည်း

လမ်းနဲ့ ကမ်းမှာ နှင်းတလွင့်လွင့် ဟောဆိုရင် ပွင့်

“မိကြယ်စင်” ရယ်

ဒီနာမည်ကို ထပ်မခေါ်ဘဲ ငါရေတစ်ခွက်လောက်

အရင်သောက်

ဒါလည်း အမော မပြေခဲ့ပါဘူးလေ။

ငါက ….. ….. ….. …..

ဟိုးဟိုး ရှေ့ရှေးတုန်းက ငါပါပဲလေ ….. ။

(နေနှင်းစက်)

``ကျွန်တော်၏ ကွဲလွဲနေသော ကျွန်တော်များ၏ အတွေးဖြင့် ကွဲလွဲနေသာ အတွေးများဖြင့်´´

ဘ၀ နဲ့ ပက်သက်ရာ ပက်သက်ကြောင်း
တကယ်တော့ သတင်းကောင်းမရရှိခဲ့သော
တောထွက်သွားသော စကားစုများ နှင့် ကျွန်တော်
နှင့် စကားမပြောဖြစ်သော ကျွန်တော့စကားစုများ နှင့်
ဒီလိုနှင့် ကျွန်ုပ်တို့ အားလုံး နှင့် ဝေးဝေးလွင့်လွင့် ....

ရောက်ပြီးမှ မသွားဖြစ်သော တစ်ရံတစ်ခါနှင့်
ကြယ်ကြွေရာ အရပ်မျက်နှာ၌ မျက်ဝန်းဖြူစိုက်
လူမ၊ သူမ ညွှန်ရာအရပ် ရေဖြစ်စေ လေဖြစ်စေ
ဘာဆိုဘာ ညာဆိုညာ ဖြစ်စေ
နောက်တစ်ကြောင်း ချရေး ဒါကဗျာ ဖြစ်စေ။

ပြီးလား .. ဒါဖြစ်ပြီးပြီလား ဒါမှမဟုတ် ဒါမှမဟုတ် ဖြစ်ပြီလား
ကဗျာ ဖြစ်လား ... က ကြီး တစ်လုံး နဲ့ ဗျာ များ
မဟုတ်ဘူး ၃၃ လုံး သောဂြိုလ်ကြီးများထဲ
ငါ ပတ်လှည့် ရောက်ဝင် မမှန်ဘူး သွေးထွက်အောင်မှားတယ်
မနေ့ညအထိ ငါအသက်ရှူ မှူမမှန်ပြန်ဘူး
အသက်ရှူသံတွေ ထွက်တစ်ချက် ၀င်တစ်ချက်
တစ်ခါ တစ်ခါ နှစ်ချက် .. တစ်ခါ တစ်ခြား ပြတ်တောက်
နောက်တစ်နေ့ နေ့ထွက်တော့ ... ငါ့မျက်နှာက ငါမဟုတ်တော့ဘူးလို့ ငါ့ကိုပြော

ဒီနားမှာဘာတွေ မှားကုန်လည်း
ကြိုးတစ်ချောင်း နဲ့ မနေ့က (အင်း ထင်ရတာပဲ) ပြတ်သွားတဲ့ အင်းထင်ရတာပဲ ကျန်ခဲ့တဲ့ အင်း .. ထင်ရတာပဲ
လွန်ခဲ့တဲ့ ၅ နှစ်ကျော်ရဲ့ မနေ့က ကြာသပတေးမ
ငါ တစ်စက်စက် သွေးတွေကျ ခဲ့ရ

ဒီနေရာကော ဘာမှန်လည်း
တစ်ယောက်တစ်ဖက် ခြစ်ရာချက်တွေ
ကဲ နောက်တစ်ကြောင်းထပ် ရေး
ဒါ ငါ့ဘ၀ ဒါငါ့ဂီတ ဒါငါ့ ကဗျာ
ကဲ ... ဘာပြောကြဦးမလဲ ...

လူကြီးမင်း ခေါ်ဆိုသော ဖုန်းသည် တရုတ်ပြည်တွင်
လိုင်းမမိသောကြောင့် ခေါ်ဆို မရနိုင်ပါ

နေနှင်းစက် ခေါ်ဆိုသော ဖုန်းသည် တနင်္ဂနွေ နေ့ဖြစ်ပါ၍
ခေါ်ဆို မရနိုင်ပါ

မိတ်ဆွေ ... ခေါ်ဆိုသောဖုန်းသည် ကျွန်တော် မသိသောကြောင့်
သေချာ မပြောနိုင်ပါ ။

ထိုခဏသည် တယ်လီဖုန်းဖြစ်ပြီး စာတန်းဖြစ်ပြီး
အလွမ်းဖြစ်ပြီး ဖြစ်ပြီး ရာသီဥတု
ဒီနေ့ ပူတယ် သူငယ်တန်းဖတ်စာ ထီးယူလာပါ
ဖိနပ်ပါတယ် ဖိနပ်ပါးတယ်...

ဟုတ်ကဲ့ ဒီနေရာမှာ နားမလည်နိုင်သော အရာ ပြီး။

(နေနှင်းစက်)
(ကိုယ်) ။နှင့်။ (စိတ်) မကပ်သော (စိတ်) ။နှင့်။ (ကိုယ်)
နှင့်

ကိုယ့်ကိုကိုယ်လည်း မမြင်ရဘူး
ဘယ်သူ့ကိုမှလည်း မမြင်ရဘူး .....
တကယ်တော့ ငါက
ခဏခဏ ကျပျောက်သွားတဲ့
ငါက တကယ်တော့
ရှိစေတော့ ငါကိုက ကြယ်နဲ့ ဝေးဝေး နေရတဲ့ကောင်

တစ်ဝက်တစ်ပျက် ငိုချင်းချလိုက်တယ် ...
ကျွန်တော့် မိတ်ဆွေတစ်ယောက်
မနေ့တစ်နေ့က အိပ်မက်တွေကို ရောင်းစားပစ်လိုက်တယ်တဲ့ ...

ထမင်းတစ်လုတ်အတွက်
သူမတွေ ဘယ်နှစ်ည အိပ်မက်အရောင်းအ၀ယ်လုပ်ကြမလဲ

သူငယ်ချင်း တစ်ယောက်ပြောဖူးတယ်
ကဗျာဆိုတာ ရေးလို့ မရဘူးတဲ့
ဟုတ်ပါ့မလား ... ဟုတ်ပါတယ် ... မဟုတ်ပါဘူး .. ဟုတ်လို့လား

ကျွန်တော် သိပ်နားမလည်ဘဲ နဲ့ အိပ်မက်တွေ ကို အရောင်းအ၀ယ်လုပ်တယ်
ထမင်းတစ်နပ်အတွက်လည်း မဟုတ်ပြန်ပါဘူး ..
ဒီလိုပဲ အရောင်းအ၀ယ်ဖြစ်သွားတယ်။

နောက်တော့ ည တစ်ညကို ၀ယ်ဖြစ်လိုဝယ်ဖြစ်လိုက်တဲ့အခါ
လက်ပစ်ကူးနေရတဲ့ သင်္ခါရက
နစ်လိုက်ပေါ်လိုက် မြုပ်လိုက် မျောလိုက်
မသေချာဘူး ကကြီး ခခွေး ဂငယ် ဃကြီး င
အင်း ယပင့် ယရစ် ၀ဆွဲ ဟထိုး အသတ်

တစ်လုံး တစ်လုံး လှိုင်းလုံးတွေ ပုတ်ချ
အသံတွေ အလုံးလုံး အထွေးထွေးနဲ့
ကျွန်တော် ညကြီး ကို ပစ်ချလိုက် ပြန်ကောက်လိုက်

ပြီးသွားပြီ ဆိုတော့
စာရွက် လွတ်တစ်ရွက်

(နေနှင်းစက်)

ဆုတောင်း ကောင်း၏ မကောင်း၏

ဆုတောင်း ကောင်း၏ မကောင်း၏

ကျွန်တော် တစ်နေ့ကို ဘယ်နှစ်ခါအသက်ရှူမိသလဲ

တစ်နေ့တစ်ခြား အသံတွေ ပိုပိုကြားလာတယ်

ဂြိုလ်ပြာကြီးရဲ့ အနာဂါတ်အကြောင်းမပြောခင်

ကျွန်တော်အသံတွေ တုန်ရီနေတာပေါ့ မေမေ

ဘယ်အချိန်ရောက်ရောက် တံခါးမခေါက်ဘဲ သူမရောက်ရောက်လာတယ်။

သေသာသေလိုက်ချင်တယ်ကွာ ဘောလုံးပွဲနဲ့ အိပ်မက်နဲ့က လက်ယျာရစ်လှည့်ပြီး ပြန်ထွက်သွားပြန်တယ်။

တကယ်တော့ လူဆိုတာ အသံတွေနဲ့ အမှားအမှန် မရေးရမနေနိုင်တဲ့သူတွေ ပါပဲ လေ။

ထားပါတော့ ကျွန်တော်လည်း တစ်နေ့ ကို မျက်နှာ ဘယ်နှစ်ကြိမ် သစ်နေလဲ။ ဒီတိုင်းပါပဲလေ။ အသစ်ပြန်မဖြစ်ဘူး။

ဟိုးအဝေးကြီးမှာ ကျွန်တော့ မီးရထား လူတွေ လည်း မပါကြဘူး။ ဒါပါပဲလေ ။

စကားသားတွေ ကုန်ရီ တုန်ဖွ ... အမေ ... သား ရင်ပေါ်မှာ မီးခိုးနံ့တွေ နဲ့ လှည်းတန်းဈေးလေးကို သတိရတယ်။

မာစီးဒီးကားနဲ့ စက္ကူ မှိုနဲ့တွေကိုလည်း ကြည်ဖြူတယ်။ ထမင်းရည် အတူသောက်ပြီး မနပ်မှန်တဲ့ ဟင်းတွေကိုလည်း မြတ်နိုးတယ်။ သူလိုမျိုး ဘယ်မှာရှိလည်း။

သူ့အင်္ကျီကို ဖြဲ သူ့ သွေးကို စုတ် သူ့အသက်ကို နှုတ်တော့ ... မေမေရယ် သူလည်း မောလို့ နာလို့ နည်းနည်း နေရာရွှေ့တာပါ။

ကလိုရိုဖောင်းနံရတယ်။ အဲဒီနေရာကို ပြန်ရှာကြည့်တော့ ခြေနှစ်ချောင်းနဲ့ လူစွမ်းကောင်းတွေ လက်နက်ငယ်လေးတွေကိုင်လို့။

မိမဲ့ ဖမဲ့ အဲဒီ လက်နက်က ဘယ် နတ်မင်းက ဖန်ဆင်းလိုက်သလဲ။ ကျွန်တော် စကားမပြောဘူး မေမေ။ ဒီလူက လူမဟုတ်ဘူး။

ဟိုးရှေးရှေးတုန်းက သူမ သိပ်နုပျိုတယ်။ သူမ ကွေ့ကောက်နေတဲ့ ဆံနွယ်လေးတွေ တစ်ဖြေးဖြေး လျော့ပါး။

ဟိုးရှေးရှေးက သူမ ကောက်ကြောင်းထင်ရှားတဲ့ အရာတွေ တအိအိပြိုကြ။ မဟုတ်ဘူး ဖြိုချခံရတယ်။ သူမ နည်းနည်း လူးလွန့်ခွင့်ပြုပါ။

သူမ ရဲ့ စိုပြေမှု အခု ... ။ မေမေ သူမ တစ်ခါတစ်လေ ညဉ်းညူပါစေ။

သူတို့က ကျွန်တော်တို့က ကိုယ့်အနာမှ နာတယ် ထင်တတ်ကြတာလေ။ ဒါဆိုလည်း မကြာမှီလာမည်မျှော်ပေါ့။

သူမရင်တုန်ပန်းတုန်နဲ့ ခါခါ ချလိုက်တဲ့ အခါမှာ ... ။ မေမေ အပြစ်မဲ့ သူတွေနဲ့ အပြစ်နဲ့ သူတွေ ရွေးချယ်ခွင့်မရှိပါဘူးလေ။

မမှန်မကန်ဆိုတဲ့ စကားရပ်ကို အထပ်ထပ်ရွတ်ဆို သူ့လက်ထဲမှာ ... ။

မေမေရေ ...... ဒီနေ့တော့ ဒီလောက်ပါပဲ ... ။

ဘယ်လိုနေ့ရက်ရောက်ရင် ဘယ်လို ကခုန်ရမယ် ဆိုတာလောက်တော့ ခရီးပေါက်နေပါပြီ။ လွတ်လပ်မှုတွေ ။ လစ်လပ်မှုတွေ။ ခရီးပေါက်နေပါပြီ။

မေမေရေ သစ်သစ် မသစ်သစ် သားတို့ မျက်နှာသစ်ကြည့်ကြစို့။

(နေနှင်းစက်)

ဆုတောင်းကြမ်းသူ (များ)

ဆုတောင်းကြမ်းသူ (များ)

(၁၅၀၀)

ဒီနေ့ကို လွန်ပြီးရင် နောက်ထပ် ဒီနေ့

ဖျားဖျားနာနာ ဆိုလို့ သူမ မရှိတဲ့ နေ့ ဖြစ်မယ်

ငါ့ နေ့များစွာ

သူမ ခြေဖျားနားမှ ကပ်ပါးဘ၀ ဖြစ်ရစေ။

(၀)

စကားလုံးနည်းနည်းနဲ့

တစ်ကြောင်းချင်းကို တစ်လုံးချင်းရွတ်

( လို တိုင်းနိုင် )

အ ရာ ရာ ခဏ ဖြစ် စေ

(နေနှင်းစက်)

/////