`` ......................... ´´

နေပူနေတယ်
ကိုယ့်လက်ကိုယ့်ခြေနဲ့ဆိုရင်
သုညတစ်လုံးကိုတောင် ပိုင်ပိုင်နိုင်နိုင်မယူငင်နိုင်သေးလို့
ခြေပန်းလက်ကန် ဆန့်ထွက် နေချိန်မှာ
သုညတွေသီထားတဲ့ အရိပ်ရောက်လာခဲ့ရင်
နင်လိုက်သွားမှာလား ချစ်သူ

လက်ချောင်းတွေနဲ့ ရေးတဲ့ သဲဖတ်စာကို
ဖျက်လိုက ဖျက်ပါ ချစ်သူ

ရာသီစာ သာ ဖြစ်ခဲ့ရင်လည်း
ရှိုက်သံတိတ်တိတ်နဲ့ လွေ့ ..... ဝေး .....

တိုက်ပွဲကျမြေပြင်မှာ ဒီလူ `အ´ က
မီးမြိုက်ခွင့်ပေးခဲ့ပြီးပါပြီ

ပန်းပွင့်တွေ ဟုတ်တယ် ပန်းပွင့်တွေ
ဘယ်အချိန်မှာ ငါ ..... .....
ဘာတွေ ..... ဘယ်လို .....
တစ်ချိန်ချိန် ..... ..... တစ်ခုခုတော့ ..... တစ်ခုခုပေါ့

ချစ်သူ ..... ..... .....
ရေးခဲ့ပါသည် ..... ရေးခဲ့ပါသည်
စေ လို ရာ ညွှန် နိုင် သည် ..... ..... ..... ..... .....

(နေနှင်းစက်)