အရုပ် ရပ်ဝန်း ရှေ့ကြောင်းရာဇ၀င်
ဒီညက ၅ မိနစ်စာ နောက်ပြီး ကျုပ်က ၅ မိနစ်စာ။ ဒီထက်ပိုပြီး စကားလုံး၊ မြစ်ရေ၊ ရာသီဥတု၊ သံယောဇဉ် ရှားပါး။ မြို့ပြကပြောသံတွေ နားကြားမှား။ ဒီလိုနဲ့ မနေ့က မိန်းမ ခါးခါး တစ်ချို့ ခါး။ လက်တစ်ဖက်နဲ့ ခိုးရွှေ့ကြည့်တဲ့ည။ သည်ဖက်ကမ်းမှာလည်း ဂြိုလ်ခုံအလွတ်တစ်ခုရဲ့ အမှား။ များ။ ငါ မမြင်တဲ့ ကြယ် (အခွင့်မရှိပါသဖြင့်) မထိုက်တန်ပါသဖြင့်… စသည်ဖြင့်၊ မမြင်ရသောကြယ်။ ထား ။ သင့်ရာအကြောင်းပြဖြင့် ၀င်ခွင့်လက်မှတ်ရှိသည်။ ရွာစရာ တစ်ခြမ်းတစ်ပိုင်း ဖြင့် လဲလှယ်ရန်အလို့ငှာ ကြော်ငြာထားပါ။ ကျွန်တော့မှာ မွေးရာပါမျက်နှာ မရှိဘူး။ သူ မနမ်းခဲ့တဲ့ပါး .. သူမ မလွမ်း .. သူ လွမ်းရုံသာ။ လက်နှစ်ဖက်၊ ခြေနှစ်ချောင်း ဘီးလူးခေါင်းမစောင်းချင်။
ရှေ့ရာဇ၀င် အနာဂါတ်လက်တစ်လှမ်း။ ကျွန်တော့မျက်ရည် အစစ်တွေ ရှိနေကြောင်း ဘာတွေနဲ့ ပြသနိုင်မလဲ။ သတ္တုဓါတ်နဲ့ စီးဖြန်းထားတဲ့ တံတား ငါတို့ ကြား၊အနား မှာ မရှိစေ၊ မရှိလေကောင်းလေ။ အပြုံးအတုရဲ့ နောက်ကွယ် ရှိုက်ချက် ကျွန်တော့ကိုတကယ် ဘယ်သူမှ မမြင်ကြရဘူး။ အမှန်လွန်သဘောတရားနဲ့ မျက်ကန်းဖြစ် မဖြစ် ကိုယ့်တိုင်ထွင်းခြစ်ရမယ်ဆိုပြန်တော့ …..။ ကြိုးထိုးထားတဲ့ဘ၀ကို ကျွန်တော်မှန်းတယ်။ ဘယ်သူ့ မျက်နှာနဲ့ ဖြစ်ရပြန်ပြီလဲ။ လူတစ်လုံး သူတစ်လုံး လူ မဟုတ်တဲ့ သူ စက္ကူဆုတ်တွေကို မှိုင်းတိုက်လိုက်ချင်ရဲ့။ ၀ါယာကြိုးထဲက ၅၀ တန်ချိုချဉ် ….. လှေကားလက်ရမ်းပေါ်က ၅၀ တန်ချိုချဉ် ကူသူမဲ့ ကယ်သူမဲ့။ အစစ် ဖြစ်ခြင်း မဖြစ်ခြင်း။ တူလွန်းပါတယ် မိတ်ဆွေ သင်နဲ့ ကျုပ် ကွဲလွဲပုံခြင်း။ ကျုပ်အလွဲက ငါ့အနားမနေဘူး။ နားကပ်တစ်ရံ၊ ပန်းသီပုပ်၊ ရှုပ်ရှုပ်ယှက်ယှက် လက်နက်ကြီး။ “မရမ်းသီး” စားဖူးလား “မိတ်ဆွေ”။ နှစ်နှစ်လိုလို မျက်လုံးနဲ့ ပြုံး။ ကာတွန်းနဲ့ ရေးတဲ့ကဗျာ အသားစအနက်ကြီးတွေ အတုတွေ၊ နံပါတ်ကြားမှာ ၀ှက်ထားတဲ့ဓါး …… ၂၆ ချက်ဆိုတာ သွေးမထွက်တဲ့ စိတ်ကြိုက်ဒဏ်ရာ။ အနာ။ တရ။ မေ့မေ့မောမော စက္ကူစတွေဖွာဟ၊ သူပျိုးတဲ့ပန်း ခရမ်းဖြစ်စေ၊ ပန်းခရမ်းဖြစ်စေ။ ၀တ်လစ်စလစ်ညဆို မျက်နှာ မရှိတဲ့ ငနဲရဲ့ ဘ၀ အေးခဲတမ်းတ။ အလိုက်တသိလည်း ဖြိုပေးပါရဲ့။ ဒါ … ။ ကြယ်။ ခရမ်းနုရောင်ဆိုတာ သွေးပျက်ခယ။ သံစဉ်ဆုံးပျောက်။ ဒီလိုနဲ့ ….. အံဆွဲထဲက ပထမဆိုတဲ့ ပထမ။ သူ ၅၊ ငါ မိနစ်၊ တစ်ညတစ်ခန်းစာ ၅ မိနစ်ထဲ …..။
(နေနှင်းစက်)