(ကိုယ်) ။နှင့်။ (စိတ်) မကပ်သော (စိတ်) ။နှင့်။ (ကိုယ်)
နှင့်

ကိုယ့်ကိုကိုယ်လည်း မမြင်ရဘူး
ဘယ်သူ့ကိုမှလည်း မမြင်ရဘူး .....
တကယ်တော့ ငါက
ခဏခဏ ကျပျောက်သွားတဲ့
ငါက တကယ်တော့
ရှိစေတော့ ငါကိုက ကြယ်နဲ့ ဝေးဝေး နေရတဲ့ကောင်

တစ်ဝက်တစ်ပျက် ငိုချင်းချလိုက်တယ် ...
ကျွန်တော့် မိတ်ဆွေတစ်ယောက်
မနေ့တစ်နေ့က အိပ်မက်တွေကို ရောင်းစားပစ်လိုက်တယ်တဲ့ ...

ထမင်းတစ်လုတ်အတွက်
သူမတွေ ဘယ်နှစ်ည အိပ်မက်အရောင်းအ၀ယ်လုပ်ကြမလဲ

သူငယ်ချင်း တစ်ယောက်ပြောဖူးတယ်
ကဗျာဆိုတာ ရေးလို့ မရဘူးတဲ့
ဟုတ်ပါ့မလား ... ဟုတ်ပါတယ် ... မဟုတ်ပါဘူး .. ဟုတ်လို့လား

ကျွန်တော် သိပ်နားမလည်ဘဲ နဲ့ အိပ်မက်တွေ ကို အရောင်းအ၀ယ်လုပ်တယ်
ထမင်းတစ်နပ်အတွက်လည်း မဟုတ်ပြန်ပါဘူး ..
ဒီလိုပဲ အရောင်းအ၀ယ်ဖြစ်သွားတယ်။

နောက်တော့ ည တစ်ညကို ၀ယ်ဖြစ်လိုဝယ်ဖြစ်လိုက်တဲ့အခါ
လက်ပစ်ကူးနေရတဲ့ သင်္ခါရက
နစ်လိုက်ပေါ်လိုက် မြုပ်လိုက် မျောလိုက်
မသေချာဘူး ကကြီး ခခွေး ဂငယ် ဃကြီး င
အင်း ယပင့် ယရစ် ၀ဆွဲ ဟထိုး အသတ်

တစ်လုံး တစ်လုံး လှိုင်းလုံးတွေ ပုတ်ချ
အသံတွေ အလုံးလုံး အထွေးထွေးနဲ့
ကျွန်တော် ညကြီး ကို ပစ်ချလိုက် ပြန်ကောက်လိုက်

ပြီးသွားပြီ ဆိုတော့
စာရွက် လွတ်တစ်ရွက်

(နေနှင်းစက်)